TOP 5 WAYS TO MEET PEOPLE IN YANGON

အားလုံးပဲ မင်္ဂလာပါ
ဒီနေ့တော့ မင်မင်က သူငယ်ချင်းအသစ်တွေနဲ့တွေ့ချင်တဲ့သူတွေအတွက် Tips လေးတွေ Share ပေးချင်ပါတယ်

1. Volunteer လုပ်ပါ Do some volunteering 😌😇 
အခုဆိုရင် လူငယ်တော်တော်များများ Volunteer လုပ်လာကြပါတယ်။ ကိုယ်နဲ့သိတဲ့သူရော မသိတဲ့သူတွေရောပါတာဆိုတော့ ကိုယ်နဲ့ရွယ်တူ သူငယ်ချင်းအသစ်တွေ အများကြီးရမှာပါ။

2. ကိုယ်စိတ်ဝင်စားတဲ့ Event တွေသွားပါ Go to the events you are interested 🏃🏃
ပထမဦးဆုံးကတော့ ကိုယ့်ဘေးမှာထိုင်တဲ့သူတွေနဲ့ စကားပြောဖြစ်အောင်ပြောပါ။ အကုန်လုံးက ဒီပွဲကိုစိတ်ဝင်စားလို့လာတဲ့သူတွေမို့လို့ ကိုယ်နဲ့စိတ်တူကိုယ်တူ သူငယ်ချင်းတွေရနိုင်ပါတယ်။ ဥပမာ https://www.facebook.com/groups/ML.Yangon/ ဒါကတော့ Language sharing event ပါ။ နိုင်ငံပေါင်းစုံက ဘာသာစကားပေါင်းစုံပြောတဲ့သူတွေ Join ကြပါတယ်။ ကိုယ့်ရဲ့ Speaking skill ကို လေ့ကျင့်ချင်တယ်ဆိုရင်တော့ ဒီလို Event မျိုးတွေ Join လို့ရပါတယ်။

3. ‘MyanmarChit’ လိုမျိုး Dating app သုံးပါ Use Dating app like ‘MyanmarChit’ ❤️💛💚
Dating app ဆိုတာ ချစ်သူရည်းစားလိုချင်မှ သုံးတာမျိုးမဟုတ်ဘူးနော်။ သူငယ်ချင်းရှာချင်ရင်လည်းသုံးလို့ရပါတယ်။ ကိုယ်က စနေ တနင်္ဂနွေရုံးပိတ်ရက် လျှောက်လည်ဖို့သူငယ်ချင်းမရှိဘူးဆိုရင် ‘MyanmarChit’ ကို အခုပဲသုံးပြီး သူငယ်ချင်းရှာလိုက်တော့နော်

https://play.google.com/store/apps/details?id=io.ionic.myanmarchit

4. Gym ဆော့ပါ Do to gym 💪💪
ကိုယ်က ကျန်းမားရေးလိုက်စားတဲ့သူတစ်ယောက် ဆိုရင် Gym မှာ သူငယ်ချင်းအသစ်တွေရှာလို့ရပါတယ်။ စကားပြောဖော်ပြောဖက်လေးရှိတော့ Gym ကို Motivation မရှိလို့ မသွားချင်တာမျိုးလည်းမဖြစ်တော့ဘူးပေါ့။

5. EDM Festival တွေသွားပါ Rave at EDM Festivals 💃🎉
ကိုယ်က လုံးဝကို EDM fan ဆိုရင်တော့ ရှယ်ပဲ! အကုန်လုံးကလည်း လူငယ်တွေ လွတ်လပ်ပေါ့ပါးပြီး ကခုန်နေကြတာဆိုတော့ အုပ်စုလိုက် သူငယ်ချင်းတွေ ဖွဲ့လို့ကောင်းပါတယ်

Leave a comment